အချစ်ကဗျာများ
ပန်းပျိုသူ
လေညှင်းတိုက်ခတ် ၊ ယိမ့်နွဲ့တတ်တဲ
အော်.... ပန်းကလေးရယ်..
လောကအလှ ၊ ဆန်သမျှပန်း
မျာှးလွန့်ရင်လည်း ၊ တစ်ပင်ပျိုး၍
တစ်ပွင့်ချစ်သူ ၊ ဥယဉ်မှုအပူ
ပန်းကလေးခမျာ၊ မသိလေချာ
ပွင့်လွှာဝတ်မုံ၊ ညှိုးမှာစိုးထိုက်
မေတ္တာရေစမ်း၊ ဖျန်ပတ်ထိုက်တခိုး
သည်အချစ်မျိုး၊ ဖွင့်ဟမဖြစ်
မျိုသိမ့်ရင်မှာ ၊ တံလျှပ်ဖြစ်၏။
ပန်းတို့ရှိရာ ၊ လိပ်ပြာလာတာ
ထူးဆန်းခြင်းမဟုတ်
သောလေသော်လည်း
သဝန်တိုတာ ၊ ဝမ်းတိုတာ
အော်...ပန်းပျိုးသူတို့
အလင်္ကာ ကာရံမဲနေခဲ့ပေါ့..
ကို R.J
ရွာသွန်ဖြိုးပါဆွယ်မိုးညို
လေပြေလာ ၊ ဆောင်ယူသွားဖို့
တိတ်တိတ်ကလေး ၊ စိုးရိမ်ပါသည်
ရင်နန့်သိုဝှက် ၊ မေတ္တာပန်းငုံ
ဖူးခဲ့ပါလည်း ၊ ပွင့်ဖတ်ဝတ်လွှာ
တွယ်ခိုမိုးစက် ၊ ချစ်ခင်မှသာ
ပြည်စုံမှာမို့ ၊ ရှိးခိုးပုထိုး
ပူဇော်စေတီ ၊ ဆုမျိုးတရာ
တောင်းခဲ့ပါ၏....။
ဆုတောင်းတိုင်သာ ၊ ပြည့်မည်
ဘုရား ရှိခဲ့ပါလျှင် ၊ ဘယ်မှာ
သောက ရှိပိါမည် ၊ သောလေသော်လည်း
ဆန္ဒပြည့်မြောက် ၊ ကန္တရခြောက်မှာ
ရွာသွန်ဖြိုးပါ ဆွယ်မိုးညို....
ကို R.J
ပန်းခရေ
အညှာလွယ်မို့
လေအမွှေ့မှာ
ကြွေခဲ့ရတယ်။
မြေခ မှတော့
နင်းလိုက နင်း
ခြွေလိုက ခြွေ
သခင့် အလိုကျလေ
မြတ်နိုးသူကောက်
ခေါင်းပေါ် ရောက်မှ
ရင်ထဲ တိုးဝှေ့
မွှေးနေလိုက်တာ။.......။
နိုင် (ရမ္မာမြေ )
သန်စင်သူ
မြေလွှာမခင်း
“လွမ်း”
လွမ်းလို့သာနေ
လွမ်းစာခွေ၍
လွမ်းပြေစေကြောင်း
လွမ်းသူပေါင်းတွက်
ရေးလိုက်တယ်..။
“မာယာရှင်ရဲ့လှည့်ကွက်”
ချစ်ပြီး မုန်းသွား
“ ပန်းနှင့် ဝေးရသော လိပ်ပြာငယ်”
ပန်းနှင့်လိပ်ပြာ၊
“သစ္စာမဲ့သူ”
စပါယ်ငုံထွေး ၊ မပွင့်သေးလို့