Sunday, September 26, 2010

အင်္ဂလိပ်စကားကိုမြန်မာအသံထွက်ပြန်ဆိုခြင်း(ဟာသ)


တစ်နေ့သ၌ကျွန်ုပ်သူငယ်ချင်း မောင်ဖိုးမှိန်သည် ၊ အားအားယားယား အလည်ရောက်ရှိ၍လာလေသည် ကျွန်ုပ်မှာရှိသော ပေါက်ပေါက်ဆုတ်ထန်းလျှက် ရေနွေးကြမ်းဖြင့်ဧည့်ခံထားလိုက်လေသည် ၊ မောင်ဖိုးမှိန်ဆိုသူကား နယ်နယ်ရရ ပုဂ္ဂိုလ်မဟုတ် အင်္ဂလိပ်စာတတ်ပုဂ္ဂိုလ်တစ်ဦး ၊ သူပြောသောစကားများတွင်လည်းအင်္ဂလိပ်စကားလုံးလေးများကိုညှပ်ကာပြောလေ့ရှိသည် ။

ကျွန်ုပ်၏မြေးမလေး ဆယ်တန်းအောင်စာရင်ထွက်သည့်အခိုက်နှင့်ကြုံကြိုက်နေပြန်တော စကားမစပ် ကိုယ်မြေး(၁၀)တန်းအောင်ကြောင်းကို ထည့်ကြွားလိုက်လေသည် ၊ ကိုယ်ဖိုးမှိန်ရယ် ၊ ဒီနှစ်တောကျုပ်မြေးဆယ်တန်းအောင်သဗျာ့ အေ ဟုတ်လားဘယ်မှာခင်ဗျားမြေးဘယ်မလဲ ခေါ်လိုက်စမ်းပါ ဂုဏ်ပြုရအောင် ၊ ဟုဆိုကာ မြေးမလေးကိုလှမ်းခေါ်လိုက်လေသည် ဟေ ငါ့မြေးလာစမ်းပါအုံး ဒီကို မြေးမလေးမှာအိပ်ပေါ်မှကမန်းကတန်းဆင်းအလာ

ဒါနဲမောင်ဖိုးမှိန်မှ အင်္ဂလိပ်စကားဖြင့် Congaratulation ဟုပြောလိုက်လေသည် ကျွန်ုပ်ကနားမလည်စွာဖြင့် အဲဒါဘာလဲအဓိပ္ပါယ်ဟု မေးသောအခါ ဂုဏ်ပြုတာပါ ဟုကျွန်ုပ်မိတ်ဆွေမောင်ဖိုးမှိန်မှဖြေကြားလေသည် ။ ကျွန်ုပ်မြေးကလည်းဆယ်တန်းအောင်ဆိုတောခေသူတောမဟုတ် မောင်ဖိုးမှိန်ပြောသောစကားကိုကြားလျှင်ကြားချင်း You are well come ဟုပြန်ပြောလိုက်လေသည် ။ ထိုစကားနှစ်လုံးတို့၏အဓိပ္ပါယ်အသီးသီးကိုကျွန်ုပ်သူငယ်ချင်းမောင်ဖိုးမှိန်ပြောပြသောကြောင်းကျွန်ုပ်ကောင်းစွာသိလိုက်ရလေပြီးသို့သော်နောက်နောက်ကြုံကြိုက်သောအခါ ပြောဆိုနိုင်ရန်အတွက် မောင်ဖိုးမှိန်အား အကူအညီတောင်းရလေတောသည် ၊

မောင်ဖိုးမှိန်မင်းငါကိုအခုနားကစကားတွေကိုမြန်မာဘာသာအသံထွက်နှင့်ပြန်ဆိုရေးပေးပါကွာနောက်နောင်ကြုံကြိုက်ရင်ငါလည်းပြောကြည့်ရအောင်ဟုအကူအညီတောင်းလိုက်လေသည်။

မောင်ဖိုးမှိန်သည် ခဲတံနှင့်စာအုပ်တောင်းကာကောက်ကာငြင်ကာရေးသားလိုက်လေသည် ။ ကွန်ကရက်ဂျူလေရှင်း . ယောအဝေလဂန်း ထိုအခါကျွန်ုပ်သည် အထက်ပါစကားလုံးနှစ်လုံးကိုမြန်မာအသံထွက်ဖြင့်တစ်တွတ်တွတ်ရွတ်ဆိုနေလေတောသတည်း ။

ကွန်ဂရက်ဂျုလေရှင် ၊ ယောအဝေလဂန်း

ကွန်ဂရက်ဂျုလေရှင် ၊ ယောအဝေလဂန်း ။

Read more...

Saturday, September 25, 2010

Read more...

Sunday, September 12, 2010

၇၁ နစ်မြောက် ဆရာတော်ဦင်္းဥတ္တမနေ့ အခန်းအနား ကျင်းပပြုလုပ်

ဆရာတော်ဦးဥတ္တမပုံတော်

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာမြိုနယ်အတွင်းရှိ Siam International food Co.,Ltd ငါးသေတ္တာ စက်ရုံ လေးဝတီရခိုင်မိသားစုများစုပေါင်း၍၊ ဆရာတော်ဦင်္းဥတ္တနေ့ အခန်းအနားကို၊ ၁၂၊ ၉၊ ၂၀၁၀ တနင်္ဂနွေနေ့ နေ့လည် ၁၂း၀၀ တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး၊ အခန်းအနားလာ ဧည့်သည်တော်များအား ရခိုင်မုန့်တီဖြင့် ဧည့်ခံကျွေးမွေးကြောင်း သတင်းရရှိပါသည်။

တက်ရောက်လာကြသော ဧည့်သည်များ

၎င်းအခန်းအနားတွင် ရခိုင်လူငယ်များမှ ဆရာတော်နဲ့ ပတ်သက်သော၊ ဟောပြောမှူများ၊ လက်ကမ်းစာစောင်များ၊ ရခိုင်အမျိုးသား သတင်းစာများကို ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

ရခိုင်လူငယ်တစ်ဦင်္းမှ ဆရာတော်နှင့်ပတ်သက်၍ ဟောပြောနေစဉ်
အဆိုပါအခန်းအနားသို့ တက်ရောက်လာသူ ရခိုင်လူငယ်တစ်ဦးမှ ကျွနိုတို့ ဆရာတော်ဦးဥတ္တမ အခန်းအနားကို လုပ်တယ်ဆိုတာ၊ တိမ်မြုတ်နေတဲ့ သမိုင်းတစ်ခုကို ပြန်လည် ဖော်ထုတ်တဲ့ သဘောပါ၊ ပြီးတော့ ဆရာတော်ဦးဥတ္တမဆိုတာ ရခိုင်တစ်မျိုးသားတည်းနဲ့ သာ သက်ဆိုင်တာမဟုတ်ဘူး၊ လူမျိုးတိုင်းနှင့် သက်ဆိုင်တယ်ဆိုတာကို သိစေချင်လို့ပါဟု ပြောကြားခဲ့ပါသည်။

ကြွရောက်လာသော ပုဂ္ဂိုလ်များ၏အမှတ်တရဓာတ်ပုံ

၎င်းစက်ရုံ၌ ၇၁ နစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ကို ပထမအကြိမ်အဖြစ်ပြုလုပ် ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ နောင်နစ်များတွင်လည်း၊ စဉ်ဆက်မပြတ်ပြုလုပ်ကျင်းပသွားမည်ကြောင်းသိရှိရပါသည်။ ဆရာတော်ဦးဥတ္တမ အခန်းအနားကို ပြည်တွင်ဒေသများတွင် ပြုလုပ်ခွင့်မရရှိကြသော်လည်း ရန်ကုန်မြို့ ရွှေတိဂုံဘုရားအပါအဝင် ရခိုင်ပြည်နယ် နေရာအနှံ့အပြားတို့၌ ရခိုင်လူငယ်များက ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

ဆရာတော်ဦင်္းဥတ္တမ၏ ရှားပါးလှသော ဓာတ်ပုံများနှင့် အမှတ်တရ

ဆရာတော်ဦင်္းဥတ္တမ ပုံပါသော ဝတ်စုံများ
ဆရာတော်ဦင်္းဥတ္တမသည် မြန်မာနိုင်ငံတွင် ပထမဆုံးသော နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သူ အဖြစ်ဖြင့် နိုင်ငံအရပ်ရပ်မှ အသိအမှတ်ပြုထားသော်လည်း၊ နအဖများလက်ထက်တွင် ဆရာတော်နှင့် ပတ်သက်သော အထိန်းအမှတ် ပွဲမှန်သမျှကို ပြုလုပ်ခွင့်မပေးခဲ့ပေ။

Read more...

Saturday, September 11, 2010

၇၁ နစ်ပြည့် ဆရာတော်ဥင်္ီးဥတ္တမနေ့ ကျင်းပ

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာ မြို့နယ်၊ SIF ငါးသေတ္တာ စက်ရုံ ရခိုင်မိသားစုများမှ စုပေါင်း၍၊ ၇၁ နစ်ပြည့် ဆရာတော် ဦးဥတ္တမနေ့ အခန်းအနားကို ပြုလုပ်ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Read more...

Saturday, April 3, 2010

ဝါကျွတ်ပွဲတော်ချောတိုင် တက်ပွဲ

Read more...

Friday, April 2, 2010

လေးဝတီရခိုင်မိသားစုဝါကျွတ်ပွဲတော်အမှတ်တစ်ရ

Read more...

Thursday, April 1, 2010

Read more...

  © Blogger template PingooIgloo by Ourblogtemplates.com 2009

Back to TOP